ဒီပိုစ့်ကလုပ်နည်းကတော့
ကွန်ပျူတာနဲ့ လုပ်ရမယ့် နည်းပဲဖြစ်ပါတယ်..။ Android 4.4.2 ကို အရင် Root
apk တွေနဲ့ Root ဖေါက်လို့ မရတာများပါတယ်..။ ဒါကြောင့် Kingo Root Tool
နဲ့လည်း Root ဖေါက်လို့ အဆင်မပြေတဲ့သူများအတွက် VROOT(iRoot) နဲ့ Root
ဖေါက်နည်းကို ထပ်တင်ပေးလိုက်ပါတယ်..။ VROOT(iRoot) ကို နှစ်မျိုးသုံးလို့
ရအောင် Portable (Chinese) နဲ့ Setup (English) ဆိုပြီး သီးခြားစီ
တင်ပေးထားတာဖြစ်ပါတယ်..။ Portable နဲ့ အဆင်မပြေတဲ့သူများရှိခဲ့ရင် Setup
ဖိုင်ကို မိမိတို့စက်ထဲမှာ Install ထည့်ပြီး အသုံးပြုနိုင်ပါတယ်..။ Setup
ဖိုင်ကို Install ထည့်တဲ့အချိန်မှာတော့ အင်တာနက်ရှိဖို့လိုပါတယ်..။ Lenovo
Android Devices တွေအတွက် Drivers တွေကို ဒီပိုစ့်မှာပါ တင်ပေးထားပြီး..
မိမိတို့စက်ထဲမှာ မရှိသေးဘူး၊ ကွန်ပျူတာက ဖုန်းကို မသိသေးဘူး ဆိုရင်တော့
Root မလုပ်ခင် အရင်ဆုံး Drivers တွေကို Install ထည့်ပေးလိုက်ပါ..။ Android
USB Drivers ထည့်နည်းတွေကို အရင်ပိုစ့်တွေမှာလည်း ရေးပေး၊
ရှင်းပြပေးခဲ့ပြီးမို့ ဒီပိုစ့်မှာ ထပ်မရေးပေးတော့ပါ..။ Android
ဖုန်းတွေရဲ့ Drivers တွေကို ကွန်ပျူတာက သိမှသာ ဖုန်းတွေကို Root ဖေါက်လို့
ရမှာ ဖြစ်ပါတယ်..။ Android 4.4.2 ကို မြန်မာစာ ထည့်နည်းကတော့ အရင် Kingo
Root ပိုစ့်က ဆော့ဝဲလ်တွေနဲ့ လုပ်နည်းအတိုင်းပါပဲ..။
အသုံးပြုလိုတဲ့သူများကတော့ အရင်ဆုံး အောက်ကလင့်တွေကနေ ဆော့ဝဲလ်တွေကို
ဒေါင်းယူထားနှင့်လိုက်ပါဗျာ..။
VROOT(iRoot) Portable 13 MB - (Chinese Version)
VROOT Setup 7 MB (English Version)
Lenovo Driver 1.2 - 10 MB
အောက်မှာတော့ Zawgyi Changer and Busy Box
(OR)
ဆော့ဝဲလ်တွေ
ဒေါင်းယူထားပြီးရင်တော့ အရင်တုန်းက ပိုစ့်တွေမှာ ပြောခဲ့ပြီးတဲ့အတိုင်း
ဖုန်းရဲ့ Setting >> About Phone >> Build Number မှာ ၇-ချက်
(7-times) တောက်ပြီး အောက်ကပုံလေးတွေအတိုင်း Developer Options ကို
ဖေါ်လိုက်ပါ..။ ပြီးရင် အဲဒီ Developer options ထဲက USB Debugging မှာ
အမှန်ခြစ်ပေးပါ..။ နောက်တဆင့်ကတော့ Setting >> Security >>
Unknown sources မှာလည်း အမှန်ခြစ်သွားတပ်ပေးပါ..။ ပြီးရင်တော့ ဖုန်းနဲ့
ကွန်ပျူတာကို via USB cab ကြိုးနဲ့ ချိတ်ဆက်လိုက်လို့ ရပါပြီ..။
အောက်ကပုံလေးကတော့
Portable (Chinese) နဲ့ ပြပေးလိုက်တာပါ..။ လုပ်နည်းကအတူတူပါပဲ..။
Portable နဲ့ အဆင်မပြေတဲ့သူများရှိခဲ့ရင် Setup ဖိုင်နဲ့ အသုံးပြုပေးပါ..။
အောက်ကတော့
Setup (English) နဲ့ အသုံးပြုပြထားတာဖြစ်ပါတယ်..။ အောက်ကပုံလေးအတိုင်း
ပေါ်လာရင် ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်ပေးလိုက်ပါ..။
၂-မိနစ်ခန့်စောင့်လို့ မမိသေးရင် ကြိုးကို ဖြုတ်လိုက် တပ်လိုက်
လုပ်ကြည့်ပေးပါ..။ မျှားအပြာနဲ့ ပြထားတဲ့ Root Tool မှာ အမှန်ခြစ်တပ်ဖို့
မမေ့ပါနဲ့..။
အပေါ်ကပုံအတိုင်း
ဖုန်း မော်ဒယ်နံပါတ်တွေ ပေါ်လာရင် Root ကို နှိပ်လိုက်လို့ ရပါပြီ..။
မိမိတို့ရဲ့ ဖုန်းမှာလည်း အောက်ကပုံလေးအတိုင်း ပေါ်နေမှာ ဖြစ်ပါတယ်..။
VROOT(iRoot)
မှာ အောက်ကပုံလေးတွေ အတိုင်း ဆက်တိုက်ပေါ်လာပြီးရင်တော့ မိမိတို့ဖုန်း
Restart ကျသွားပါလိမ့်မယ်..။ ၂-မိနစ်ခန့် ခဏစောင့်နေပေးလိုက်ပါ..။
အောက်ကပုံလေးအတိုင်း Complete စာသားပေါ်လာရင်တော့ Lenovo A536 ကို ကျနော် Root ဖေါက်လို့ ရသွားပြီ ဖြစ်ပါတယ်..။
ဖုန်းရဲ့
Screen မှာ အပေါ်ကပုံလေးအတိုင်း ပေါ်နေတတ်မှာဖြစ်ပြီး Root Access
တောင်းတဲ့ဆော့ဝဲလ်တွေကိုတော့ အောက်ကပုံလေးတွေအတိုင်း ဖုန်းမှာ
အမှန်ခြစ်ပေးပြီး နှိပ်ပေးလိုက်ပါ..။
Root Checker နဲ့ စစ်ကြည့်တဲ့အခါမှာလည်း အမှန်ခြစ်တပ်ပြီး နှိပ်ပေးလိုက်ပါ..။ အဆင်ပြေသွားပါပြီ..။
Kingo
Root ပိုစ့်မှာ တင်ပေးခဲ့ပြီးတဲ့ Zawgyi Installer တွေကိုပဲ
အသုံးပြုခဲ့တာဖြစ်ပါတယ်..။ ဒါကြောင့် အောက်ကပုံလေးအတိုင်း Busy Box ကို
အရင် Install ထည့်ပြီးမှ Zawgyi Changer ကို အသုံးပြုလို့ရမှာ ဖြစ်ပါတယ်..။
ဒီပိုစ့်မှာ မြန်မာစာထည့်တာ သိပ်မရှင်းတဲ့သူများရှိခဲ့ရင် Kingo Root ပိုစ့်ကို ဒီနေရာမှာ ပြန်ကြည့်ပေးပါ..။


အပေါ်ပုံအတိုင်း
ခေါင်းစဉ်စာသားတွေ မရှင်းသေးရင်တော့ အောက်ကပုံလေးအတိုင်း MM Aio Font
Changer လေးကို ဆက်ထည့်ပေးလိုက်ရင် အဆင်ပြေသွားပါတယ်..။
အပေါ်ပုံမှာလို
SMS Message နေရာမှာလည်း စာတွေ ရေးလို့ ရသွားပြီဖြစ်ပါတယ်..။ အောက်မှာ
မြင်ရတဲ့ပုံလေးတွေအတိုင်း ခေါင်းစဉ်စာသားတွေပါ မှန်သွားပြီ ဖြစ်ပါတယ်..။
အားလုံးပဲ လေ့လာရင်း တတ်မြောက် ပျော်ရွှင်နိုင်ကြပါစေဗျာ..။
မှတ်ချက်။ ။Root ဖေါက်လို့ ဖုန်းပျက်ခဲ့ရင် ပြုလုပ်သူတာဝန်သာဖြစ်သည်..။
လွင်မင်းဗိုလ် နည်းပညာမှ ပြန်လည် ကူးယူမျှဝေလိုက်ပါတယ်.။

























No comments:
Post a Comment